Thursday, October 27, 2011

မြန်မာနိုင်ငံမျိုးဆက်သစ်ကျောင်းသားနှင့် လူငယ်များ။


အလံတော်။

အလံတော်သည်စစ်အာဏာရှင်စနစ်အားမရဏသင်္ချိုင်းသို့ပို့မည့်သင်္ကေတအထိမ်းအမှတ်အလံတော်ဖြစ်သည်။
အလံတော်ဧ။်အရောင်များနှင့်တံဆိပ်သည်ကိုလိုနီလက်အောက်မှစပြီးအစဉ်အလာကြီးမားခဲ့သော
မြန်မာနိုင်ငံဧ။်ကျောင်းသားနှင့်လူငယ်များကိုကိုယ်စားပြုသည်။

ရည်ရွယ်ချက်။

မြန်မာပြည်အတွင်းရှိဒေသအားလုံးသည်မိရိုးဖလာနေထိုင်သောလူထုလူတန်းစားအုပ်စုအသီးသီးက
ရွေးချယ်တင်မြောက်သောလူထုလူတန်းစား လူမျိုးစု ကိုယ်စားလှယ် ခေါင်းဆောင်များကသာအုပ်ချုပ်
ပိုင်ခွင့် ရှိစေရမည် ။

မိမိတို့၏ရည်ရွယ်ချက်များအကောင်အထည်ဖေါ်ရာတွင်မြန်မာပြည်တွင်မလိုအားအပ်သောစစ်တပ်မှ
လက်တဆုတ်စာဗိုလ်ချုပ်ကြီးများကသာ၊မသေမချင်းအုပ်ချုပ်ခွင့်စနစ်သည်လူထုလူတန်းစားအသီးသီး
တွင်အမြစ်တွယ်လျှက်ရှိနေသည်။

လွတ်လပ်ရေးရရှိသည့်နောက်ပိုင်းပြည်တွင်း၌အကြိမ်ကြိမ်ဖြစ်ပွားခဲ့သောလူထုဆန္ဒများသည်လည်း
အာဏာရှင်လက်တဆုတ်စာဗိုလ်ချုပ်များအမိန့်ဖြင့်စစ်တပ်မှလက်နက်ဖြင့်ပစ်သတ်ပြီးချေမှုံးခြင်းကို
အစဉ်တစိုက်ခံခဲ့ ရသည်။

ထိုအစဉ်လာဆိုးကြီးနှင့်အဖက်ဖက်မှ ချွတ်ချုံကျနေသော မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံများနှင့်
ရင်ဘောင်တန်းနိုင်သောအဆင့်အထိရောက်ရှိရန်ကျရာနေရာနေထိုင်ရာဒေသများမှလူထုလူတန်း
စားအသီးသီးနှင့်လူငယ်များပူးပေါင်းပြီးစစ်အာဏာရှင်ကို အကြမ်းမဖက်သည့်နည်းဖြင့် အောင်မြင်
သည်အထိအဆင့်ဆင့်တိုက်ပွဲဝင်နိုင်ရန်ဖြစ်သည်။

ဦးတည်ချက်။

နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် အတက်တန်းကျောင်းများ ၊ တက္ကသိုလ်ကျောင်းများ ၊ လူငယ်များ ၊ အလုပ်သမားအဖွဲ့ အစည်းများ ၊ ဝန်ထမ်းအဖွဲ့ အစည်းများ  ၊ တိုင်းရင်းသားများ ၊ ဥပဒေဝန်ထမ်းများ ၊ တပ်မတော်သားများ အတွင်းမှ မြန်မာနိုင်ငံအတွက်ရည်ရွယ်ချက် ရည်မှန်းချက်
စေတနာ တူသူများ အချိန်ကိုက် ပါဝင် ပူးပေါင်းလာကြပြီးအာဏာရှင် စစ်အစိုးရပြုတ်ကျပြီး ဒီမိုကရေစီ
အစိုးရ ပေါ်ပေါက်ကာ တရားဥပဒေစိုးမိုးပြီးလူတဦးခြင်းစီ၏အခွင့်အရေးများ ရရှိသည်အထိ ပူးပေါင်း လုပ်ဆောင်နိုင်ရန် ဦးတည်သည် ။

စိတ်ဓါတ်နှင့် ယုံကြည်ချက်။

မြန်မာပြည်လွတ်လပ်ရေးရှိရန် ကြိုးပမ်းးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ကြံ့ ခိုင်သည့်စိတ်ဓါတ်၊တိုင်းပြည်
နှင့် လူမျိုး အပေါ်ထားသည့်စေတနာ မလျှော့သောဇွဲသတ္တိ ကို နမူနာယူပြီးအဖွဲ့ ဝင်တိုင်း သတိဥာဏ်ကို မြေကတုတ် လုပ်ပြီး တဦးနှင့်တဦး အချိန်ကိုက်ချိတ်ဆက် လုပ်ကိုင်ကြလျှင် မြန်မာ့(ဗမာ့)မြေပေါ်မှ
လက်တဆုတ်စာ အာဏာရှင်ကိုအချိန်တို အတွင်း မောင်းထုတ် နိုင်မည်ဟုယုံကြည်သည် ။

မြန်မာနိုင်ငံမျိုးဆက်သစ်ကျောင်းသားနှင့် လူငယ်များ အဖွဲ့ ချုပ်။

No comments:

Post a Comment